htetoozin
Oct 29, 2017

ပထမဆုံး ရထားစီးဖူးခြင်း အတွေ့အကြုံ

Photo Credit

အလုပ်အသစ်ပြောင်းလိုက်တော့ အိမ်နဲ့အလုပ်က ဝေးသွားတယ်။ အလုပ်က အုတ်ကျင်းမှာဖြစ်နေတော့ မနက်တိုင်း ၇နာရီခွဲလောက်ထပြီး YBS စီးဖြစ်တယ်။ YBS က နေရာလည်းမရ ကားကလည်းကျပ် အချိန်လည်းကြာတာကြောင့် ရထားပြောင်းစီးဖို့ ဆုံးဖြတ်လိုက်တယ်။

မီးရထားဘူတာ
ရထားက တစ်ခါမှ မစီးဖူးတော့ ရထားဘယ်အချိန်တွေလည်း ထွက်တက်လဲ။ ဘူတာဘယ်နားမှာရှိလဲ လိုက်မေးကြည့်ရတာပေါ့။ ဘူတာရောက်တော့ လက်မှတ်ဝယ်၊ ရထားလာမယ့်အချိန်ကို စောင့်ပေါ့။ Ticket တွေကိုတော့ Ok dollar နဲ့ ဝယ်လို့ရတော့ တော်တော်အဆင်ပြေသွားတယ်။ ပြီးတော့ ရထားဘယ်အချိန်တွေလည်း ထွက်လဲ၊ ဘယ်ရထားကိုစီးရမလဲ လက်မှတ်အရောင်းဝန်ထမ်းကို မေးရတာပေါ့။ တစ်ချို့ရထားတွေက ဘူတာကြီးမှာ ဂိတ်ဆုံးတယ်။ မြို့ပတ်ရထားကတော့ လှော်ကားအထိ ရောက်တယ်။ ဒါနဲ့ မြို့ပတ်ရထားကို စောင့်စီးရတယ်။ ဘူတာမှာတော့ မနက်စောစော ရုံးသွားမယ့်လူတွေ ရထားဂိတ်မှာ စုပြုံနေတယ်။ သူတို့လည်း YBS ကျပ်လို့ ရထားပြောင်းစီးတာ ဖြစ်ပါလိမ့်မယ်။

ဈေးသက်သာခြင်း
ရထား Ticket တစ်ခုကို ၁၀၀ ကျတယ်။ ၁၀၀ ဆိုတော့ သာမန်လူတွေအတွက် ပိုက်ဆံလည်းသက်သာ လိုရာခရီးကို အမြန်ရောက်တယ်။

ရထားနံပါတ်
ပထမဆုံး ရထားစစီးတာဆိုတော့ Ticket မှာ ရထားနံပါတ် ပါမယ်ထင်ခဲ့မိတယ်။ ဒါပေမဲ့ ရထားနံပါတ် မပါတော့ အရောင်းဝန်ထမ်းကို သွားမေးရတယ်။ သူတို့က ရထားနံပါတ် မလိုဘူး။ မြို့ပတ်လာရင် တက်စီးသွားလို့ ပြောတယ်။

အချိန်သက်သာခြင်း
YBS စီးရင် ၂ နာရီကျော်လောက် ကြာတယ့်ခရီးကို ရထားနဲ့က မိနစ် ၄၀ လောက်ဘဲ ကြာတယ်။ ရထားပေါ်မှာက များသောအားဖြင့် နေရာလည်းရတယ်။ လူလည်း သက်သာတယ်။

အားသာချက်
အားသာချက်ကတော့ အချိန်ကုန် သက်သာတယ်။ ရထားတွေလည်း ဂျပန်အကူအညီနဲ့ ပြုပြင်ထားတော့ ရထားတွေလည်း အတိုင်းအတာတစ်ခုထိ ကောင်းလာတယ်။

အားနည်းချက်
အားနည်းချက်ကတော့ အချိန်မမှန်တာဘဲ။ ရထား Ticket တွေမှာ ရထားနံပါတ် မပါတော့ ပထမဆုံး ရထားစစီးမယ့်သူတွေအတွက်ဆို နည်းနည်းအခက်အခဲ ဖြစ်နိုင်တယ်။

နိဂုံး
မီးရထားကို ဒီထက်ပိုပြီး အဆင့်မြင့်နိုင်မယ်ဆို ပိုကောင်းပါလိမ့်မယ်။ ဒါဆို လူတွေရဲ့ Transportation မှာ မီးရထားကို ပိုအားကိုးလာပါလိမ့်မယ်။